သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လိုင်လင်း(Le Le) မျိုးနွယ်စုဆင်းသက်လာပုံ (အပိုင်း ၁၃)

ကျန်းမာရေး/ပညာရေး

၁၉၇၆-ခုနှစ်တွင်ကျေးလက်ကျန်းမာရေးဌာနရရှိသည်။၁၉၉၁-ခုနှစ်တွင်တိုက်နယ်ဆေးရုံအဆင့်တိုး မြှင့်ဖွင့် လှစ်သည်။ပညာရေးဌာနဖြင့်၁၉၄၂-ခုနှစ်တွင်အစိုးရမူလတန်းကျောင်းရရှိသည်။ဒုတိယကမ္ဘာ စစ်ကြောင့်၁၉၄၅-ခုနှစ် မှစ၍ကျောင်းပိတ်ခြင်းခံရသည်။စစ်ပြီးဆုံးသောအခါ၁၉၄၈-ခုနှစ်တွင်ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်းကျောင်း ဆရာလေဟူး၏လက်ချက်ကြောင့်တင်နမ်ရွာသို့ ကျောင်းကို ပြောင်းရွှေ့ ခံရသည်။အစိုးရကျောင်းဆုံးရှုံးသောအခါ ကိုယ်ထူကိုယ်ထကိုယ်ပိုင်ကျောင်းအဖြစ်ဆရာ Khihrei အားကျောင်းဆရာဌါးရမ်း၍ဖွင့်လှစ်သည်။၁၉၅၁-ခုနှစ်တွင် အစိုးရမူလတန်းကျောင်းပြန်လည် ရရှိသည်။၁၉၅၆-ခုနှစ်တွင်အစိုးရအလယ်တန်းကျောင်းရရှိသည်။၁၉၉၁-ခုနှစ်တွင် အထက်တန်း ကျောင်းရရှိသည်။၂၀၀၉-၂၀၁၀-ပညာသင်နှစ်မှစ၍ဆရာကြီးဦးခင်မောင်ဌေး၏ကြိုးပမ်းမှုကြောင့် လိုင် လင်းပီစာစစ်ဌာနရရှိနိုင်ခဲ့ပါသည်။ထိုအချိန်မှစ၍ယခင်က၁၀-တန်းကျောင်းသားကျောင်းသူများခရီးဝေး စာစစ်ဌာနများ သို့ ခက်ခဲသွားရောက်စာမေးပွဲဖြေဆိုခဲ့ရာမှယခုအခါလိုင်လင်းပီစာစစ်ဌာနတွင်ဝင် ရောက်ဖြေဆိုရသည့်အခွင့်အရေး ရရှိနိုင်ပြီဖြစ်သည်။





0 comments: