လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ(အပိုင်း၎)
5:50 AM
By
Unknown
(Le Le)history
0
comments
Chapi/hrake (၁၄-ရာစုခန့် )
Saw
kia နယ်မြေ၌ Chapi/hrake ရွာတည်သည်။ထိုနေရာ၌နေထိုင်ချိနတွင်ခေါင်းဆောင် (သူကြီး)ဖြစ်မည့်သူ
ကိုစဉ်းစားကြသည်။ထိုအခါခေါင်းဆောင်ဖြစ်မည့်သူတစ်ဦးဦးကိုတင်မြောက်နိုင် ရန်တော လိုက်၍တောဝက်ပစ်သတ်
နိုင်သူကိုသူကြီးအဖြစ်တင်မြောက်မည်ဆိုကြသည်။ တစ်နေ့ 
သောအခါမုဆိုးမ တစ်ယောက်၏သားဖြစ်သူကတောဝက်
တစ်ကောင်ပစ်သတ်နိုင်လာသည်။ သို့သော်သူ့ အားသူကြီးမတင်မြှောက် ချင်ကြပါ။ အကြောင်းမှာ မုဆိုးမသားဖြစ်သော ကြောင့် အထင်သေးကြသည်။သူကြီးအဖြစ်မထိုက်တန်ဟူ၍ကန့် ကွက်ကြသည်။ မနာလိုဖြစ်ကြသည်။ သို
့သော်ဂတိ အတိုင်းပြုလုပ်ရမည်ဖြစ်၍နောက်တဖန်ပြန်လည်စမ်းသပ်ကြပြန်သည်။သစ်ပင်ကိုသူ့ အပေါ် ခုတ်လှဲမည်။ မနိုင်ပါမှခန်
့ အပ်မည်ဟုဆိုကြသည်။ သစ်ပင်ငယ်တစ်ပင်ပြီးတစ်ပင်ခုတ်လှဲရာ၌ မ- နိုင်ခဲ့သည်။ သို့သော်လည်းနောက်ဆုံးထင်းရှူး
ပင်တစ်ပင်ခုတ်လှဲရာတွင်မူ မ-နိုင်ခြင်းမရှိခဲ့ပါ။၎င်းအပေါ် သစ်ပင်လဲ၍နင်းမိပြီးသေ ဆုံးသွားခဲ့သည်။ဤကဲ့သို
့သူတစ်ပါး ကိုအထင်အမြင်သေး၍အသက်ကိုပင် ဆုံးရှုံးအောင်လုပ်ကြံမှု ကြောင့်လိုင်လင်းအမျိုး၌စော်ဘွားအမျိုးမထွန်းကားနိုင်ခဲ့
ပါ။ မုဆိုးမ၏ကျိန်ခြင်းခံ ရသောကြောင့်ဟုဆိုသည်။ Lo hraw / Lo puh (၁၄-ရာစုခန့် ကြာကြာနေထိုင်ခြင်းမပြု)
Hrata / La chhia (၁၄-ရာစုခန့် )
Hrata
/ Lachhia ဟူ၍ရွာနှစ်ရွာခွဲသည်။ယနေ့ နှရင်းရွာနှင့်နီးစပ်သည်။ရွာခေါင်းဆောင်မှာ
Fawbei (Beihra) ဖြစ်သည်။ဆဘောင်းပီသူကြီး Beihra ရွာနှင့်လည်းနီးသည်။ဆဘောင်းရွာတွင်အိမ်ခြေလူဦးရေနည်းပါးလွန်းသဖြင့်ရွာ
ဆက်လက်တည်နိုင်ရန်ဆဘောင်းသူကြီး Beihra မှလိုင်လင်းသူကြီး Fawbei ထံရွာသားအချို့ ဆဘောင်းရွာသို
့လာ ရောက်နေထိုင်ရန်အကူအညီတောင်းခံသည်။
- Thlahnei - Thabei
- Chairi - Taisei
- Khai
mi chhoh - Kau Lai
ဆဘောင်းသူကြီးရွာတည်နိုင်ရန်အကူအညီပေးပါဝင်ကြသည်။ဆဘောင်းရွာအိမ်ခြေလူဦးရေတိုးလာသော အခါမှပြန်
လာကြသည်။Lau tla (၁၄-ရာစုခန့် ) ကြာကြာနေထိုင်ခြင်းမရှိ။ Sahei (Lelai rah) ၁၅-ရာစုခန့် လိုင်းလွန်(lailun)မှထွက်ခွါ၍တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ
့ကာရွာတည်နေထိုင်ခဲ့ရာ တွင်ထိုရွာတို့ သည် ဘေးရန်ကင်း၍အေးချမ်းသာယာစွာနေထိုင်နိုင်ခြင်းမရှိဟုဆိုသည်။ံနတ်ပေါများ၍တခါ တရံ အ
နှောက်အယှက်ပြခံရ သည်ဟုဆိုသည်။လိုင်လင်းဟူသောအမျိုးအမည်သည်လည်းအတိအ ကျခေါ်ဝေါ် ခြင်းနည်းပါးသည်။
နယ်မြေဒေသ အမည်ဖြင့်လည်းခေါ်ဝေါ်သည်။ ဆာဟေး(sahei) သို့ရောက်လာသောအခါ ဆင်းသက်လာရာလိုင်းလွန်(lai
lung)ကို သတိရအောက်မေ့သောအားဖြင့် လိုင်လင်း (Le Le) အမည်ကိုထင် ထင်ရှားရှားလက်ဆက်ခေါ်ဝေါ်ကြပြီးခေါင်း
ဆောင်မှာ Tlaw Bei (Thlahnei) ဖြစ်သည်။ဆာဟေး( sahei)၌ နေထိုင်စဉ်အိမ်ခြေလူဦးရေတိုးပွါးပြီး
ဆန်စပါး ကောက်ပဲသီးနှံလည်းအထွက်ကောင်းသည်။အိမ်မွေးတိရိစ္ဆာန်လည်းတိုးပွါးသည်။ကောင်းကြီးမင်္ဂ လာခံစား ရဆုံး
သောရွာဖြစ်၍လိုင်လင်းအစဆာဟေးကဟူ၍ပင်ဘိုးဘေး များမေ့မရသောမြေဖြစ်ခဲ့သည်။
တစ်နှစ်သောအခါသီးနှံအထွက်မကောင်းသဖြင့်နောက်နှစ်အတွက်မျိုးစေ့အခက်ကြုံရသည်။ထိုအခါအနီးပတ်
ဝန်းကျင်ရွာဖြစ်သောဇိုတုန်၊နှရင်းဘက်သို့ မျိုးစေ့ရှာဖွေတောင်းခံကြသည်။ရွာတစ်ရွာမှမီးပူလှော်ပြီးသားဆတ်၊
ဆန်မျိုး စေ့ကိုပေးသည်။မနာလိုသောသဘောဖြစ်သည်။အကျိုးကြောင်းမသိ၍ရွာရောက်သောအခါမျိုးကြဲကြ သည်။သို
့သော်မျိုးမပေါက်ပဲပျက်စီးကုန်သည်။နောက်မှယင်းမျိုးစေ့သည်မီးပူ၌လှော်၍မျိုးမပေါက်အောင်မနာလို ကြံစည်ကြောင်းအ
ဖြစ်မှန်သိရသည်။ထိုအကြောင်းအရာနှင့်ပတ်သက်၍လိုင်လင်းဘိုးဘေးများ၏အမှာစကား
သည်မည်သူမဆိုအစာရှားပါး၍အငတ်ဘေးကြောင့်မိမိတို့ရွာသို့ အကူအညီတောင်းခံလာပါကမိမိတို့ ၌ရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ဖြစ်
သည့်နည်းဖြင့်ပေးကမ်းလှူဒါန်းခြင်းပြုမည်။အလကားသက်သက်မပြန်စေရဟူ၍မျိုးဆက်အဆင့်ဆင့်သို
့
မှာခဲ့ကြောင်း သိရသည်။
တစ်နေ
့သ၌နှရင်းစော်ဘွား Sevaw ဆိုသူသည် ဟရင်ပီရွာပွဲကျင်းပရာသို့ သွားလာရာ တွင် ခေါင်းမူး၍ အိမ်
မရောက်နိုင်ပဲလမ်းခုလတ်၌အိပ်လဲနေသည်ကို Thlaw bei
(Thlahnei)မှတွေ့ ၍ Se vau ကိုထမ်း၍အိမ်အထိပို
့ ဆောင်ခဲ့သည်။ Se vau သတိပြန်လည်ရလာသော အခါထိုအကြောင်းကိုသိ၍၎င်းမှပွဲကျင်း ပသောအခါ
Lelai (Thlaw bei) နှင့်တကွရွာသားအချို့  ဖိတ်ခေါ်ခြင်းခံရသည်။ထိုအချိန်မှစ၍ Se vau နှင့်
Thlaw beiတို့ ညီအစ်ကိုမိတ်ဖွဲ့ ကြ သည်ဆိုသည်။
ဆာဟေးနေရာ၌နှစ်ခေတ်၊သုံးခေတ်ခန်
့နေထိုင်၍အကြာဆုံးနေထိုင်သည်။ထိုအချိန်၌ပန်းဘဲ အတတ်ဖြင့် ကျောက်မီးသေနတ်ကိုပင်ပြုလုပ်တတ်ပြီဟုဆိုသည်။
Hawthai မှမကြာခဏလာရောက်တိုက် ခိုက်လေ့ရှိသဖြင့်ရွာမှ ထွက်ခွါ၍ပြောင်းရွှေ့ လာရခြင်းဖြစ်သည်ဟုဆိုသည်။
0 comments: