သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ(အပိုင်း ၁၁)


ယနေ့ လိုင်လင်းပီ နယ်မြေဒေသ
လိုင်လင်းမျိုးနွယ်စုသည်လက်ရှိနေရာမရောက်မီကလိုင်လင်းပီတောင်ယာကွက်အချို့ သည် Heima စော်ဘွားပိုင်ဖြစ်သည်။ဆိုသည်။လိုင်လင်းပီတို့ဝင်ရောက်နေထိုင်သောအခါအချို့ တောင်ယာ ကွက်များ၏သီးစားခကို Heima စော်ဘွားသို့ ပေးဆောင်ရသည်။တစ်နေ့ သောအခါ Heima ရွာသား မှ Sabawng စော်ဘွားကိုသတ်မိသည်။ထိုအခါ Heima နှင့် Sabawng အပြင်းပွါးရာ၊နှစ်ရွာကြားကြေ အေးမှုပြုရန် LeLe စော်ဘွား Chhakha သည်စေတမန်အဖြစ်ဆောင်ရွက်၍လိုင်လင်းပီနယ်တောင် ယာထွက်သီးစားခကိုဆဘောင်းပီစော်ဘွားမှခံစားရန်လူသတ်မှုလျော်ကြေးအဖြစ်ပေးဆောင်ခဲ့သည်။ ထိုအချိန်သီးစားခကိုလိုင်လင်းပီကဆဘောင်းပီစော်ဘွားအားနှစ်စဉ်ပေးဆောင်ရသည်။ ၅-နှစ်ခပေး လျော်ပြီးနောက်ယင်းကိစ္စနှင့်ပတ်သက်၍လိုင်လင်းပီမှမကြေနပ်၍အငြင်းပွါးသည်။ထိုအငြင်းပွါး
မှုနှင့် ပတ်သက်၍ဟားခါးမြို့ အုပ်ချုပ်ရေးအရေးပိုင် Cpt-Hayneave ၏ 11/2/46 နေ့ စွဲပါ GPM No.1-6 (H of 1946)အမိန့် စာအရ Heima စော်ဘွား Ngolai သည်လိုင်လင်းပီနယ်မြေကိုမည်သည့်နည်းဖြင့် မဆိုခွဲဝေပေးပိုင်ခွင့်မရှိကြောင့်လွန်ခဲ့သော ၆-နှစ်ခန့် မှစ၍၁၉၃၉-ခုနှစ်အထိဆဘောင်းပီစော်ဘွား သည်လျော်ကြေး ၁၉၁၈-၁၉၃၉ နှစ်အထိစုစုပေါင်း ကျပ်ငွေ ၇၀၀၀ ကျော်ကိုရရှိပြီးဖြစ်၍လိုင်လင်းပီ နယ်မြေကိုလုသတ်မှုလျော်ကြေးသည်ကျော်လွန်ပြီဖြစ်ကြောင်း၊သို့ ဖြစ်၍လိုင်လင်းပီနယ်မြေကို ၁၉၃၉ ခုနှစ်မှစ၍လိုင်လင်းပီ၏အုပ်ချုပ်မှုအောက်၌လူထုဘုံမြေအဖြစ်သတ်မှတ်ခဲ့ပါသည်။
ဤသို့ ဖြင့်လိုင်လင်းပီနယ်မြေသည် ပုဂ္ဂလိကပိုင်ဆိုင်မှုမရှိ၊လူထုဘုံမြေသာဖြစ်သည်။ထို့ အပြင် ရှေးအခါ၌လူတန်းစားတိုက်ပွဲများမကြာခဏဖြစ်
ပွါးလေ့ရှိသဖြင့်ကျေးရွာတည်တံ့ခိုင်မြအောင်ကာ ကွယ်ခြင်းစသည့်အခက်အခဲ့မျိုးစုံမှသွေး၊ချွေးနှင့်ရင်းနှီး၍စောင့်ရှောက်လာခဲ့သောနယ်မြေဖြစ်ပါသည်။

              

0 comments: