လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ(အပိုင်း၃)
5:33 AM
By
Unknown
(Le Le)history
0
comments
Leitak (၁၃-ရာစုခန့် )
တစ်နေရာမှတစ်နေရာသို့ ရေကြည်ရာမြတ်နုစရာရှာဖွေပြီး ၁၃-ရာစုခန့် တွင်လေတပ်သို့ ဝင်
ရောက်သည်။လေတပ်သို့ ရောက်လာချိန်တွင် Chairi နှင့် Thlahnei နှစ်မျိုးသာရှိပြီး Sa ngai chhoh
အမျိုးနှင့်အတူစတင်ဝင်ရောက်လာခြင်းဖြစ်သည်။ လေတပ်၌နေထိုင်စဉ်ပုံပြင်တစ်ခုမှာ-လေတပ်၌
ဘီလူးပေါများသည်ဆိုသည်။ဘီလူးဆိုသည်မှာလူနှင့်ကျားပေါင်းစည်းသည်ဟုဆိုသည်။လူကဲ့သို့ 
ဖြစ်သော်လည်းအမြီးရှိသည်။ လူမှကျားအဖြစ်ပြောင်းလဲနိုင်ခြင်းရှိသည်ဆိုသည်။ယင်းနေရာ၌ရေတွင်း
တစ်ခုရှိ၍မိမိဘာသာစကားဖြင့် haila tikhaw ဟုခေါ်သသည်။ ယနေ့ အထိလေတပ်ရေတွင်းဟူ၍ တွေ့ 
ရှိရသည်။

လေတပ်၌အတော်ကြာနေထိုင်ခဲ့ပြီးနောက်အချို့ သည်ထန်တလန်နယ်မှောင်တလန်ဘက်သို့ 
ပြန်လှည့်ပြီ၎င်းတို့ အကြောင်းသိရှိခြင်းမရှိတော့ပါ။လေတပ်၌ကျန်ရှိလျက်ရှိသောသူများသည်ထိုမှ
တဆင့်ထွက်ခွါလာရာ Leisai တောင်ကိုဖြတ်ကျော်၍ယနေ့ လုံကြွေးကျေးရွာနေရာသို့ ဝင်ရောက်နေ
ထိုင်သည်။၎င်းနေရာကို Le Le Saw kia ဟုခေါ်သည်။

0 comments: