သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ(အပိုင်း၂)

လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ
       
              လိုင်လင်းမျိုးနွယ်စုသည်  လိုင်(ချင်း)တိုင်းရင်းသားလူမျိုးများနှင့်အတူ ၁၂-ရာစုခန့် တွင်လိုင် 

လွန်၌နေထိုင်ဟန်တူသည်။ ထို့ နောက်ရေကြည်ရာမြက်နုရာရှာဖွေရင်းတစ်နေရာမှတစ်နေရာသို့  

ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ကြာရှည်စွာနေထိုင်၍ထင်ရှားသောကျေးရွာများတွင်လိုင်းလွန်မှလေတပ်၊ 

ဆာဟေးတို့ ဖြစ်သည်။
       
                လိုင်လင်းမျိုးနွယ်စုသည် Chairi, Tlahnei မှစသည်ဆိုသည်။ ယင်းတို့ သည်ညီအစ်ကိုဖြစ်၍

 နောင်တွင်မျိုးနွယ်ဖြစ်လာသည်ဟုဆိုသည်။လေတပ်၌ Sangai Chhoh အမျိုးတို့ နှင့် အတူပူးပေါင်း

 နေထိုင်သည်။လေတပ်မှဆာဟေးရောက်လာသောအခါ A Zaw, Zaw Khai Chhoh.Thaeifa (khai mi 

chhoh)အမျိုးများရောက်လာ၍အတူတကွစုပေါင်းနေထိုင်ကြသည်။ဆာဟေးမှပြောင်း၍ Ka U, Rah Zei

 ရောက်ရှိနေထိုင်သောအခါ Zo မျိုးနွယ်စုမှ Sathlaw Beihai,Aima,Chauhe,Hala စသည့် 

မျိုးနွယ်စုများရောက်ရှိလာ၍အတူတကွနေထိုင်သည်။ Lo Sei, Lo ta ၌နေထိုင်ချိန် HaKha မျိုးနွယ် 

Zathang အမျိုးသည်လည်းဝင်ရောက်နေထိုင်သည်။

                  ဤသို့ အားဖြင့်လိုင်လင်းမျိုးနွယ်စုသည်အမျိုးအနွယ်ပေါင်းများစွာစုပေါင်း၍အမျိုးအနွယ်ခွဲခြား

 ခြင်းမရှိ၊ဇာတ်မြင့်၊ဇာတ်နိမ့်ဟူ၍ လူတန်းစားခွဲခြားခြင်းမရှိ၊

အေးအတူပူအမျှစည်းလုံးညီညွတ်စွာခေတ်အဆက်ဆက်နေထိုင်လာခဲ့သည်မှာယနေ့ တိုင်ဖြစ်ပေသည်။ 

ဤကဲ့သို့ ကောင်းသောအစဉ်အလာ၊ ကောင်းသောသမိုင်းကိုဆက်လက်ထိန်းသိန်းရန်လိုအပ်ပေသည်။

တစ်နေရာမှတစ်နေရာသို့ ပြောင်း၍နေထိုင်ခြင်း။
        
              လိုင်လင်းမျိုးနွယ်စုသည်ယနေ့ ဖလမ်းမြို့ နယ်၊ Sumthla ရွာအနီး Lailun ခေါ်နေရာသို့ ဝင်

 ရောက်နေထိုင်ခဲ့ကြသော Lai (chin) တိုင်းရင်းသားလူမျိုးမှဆင်းသက်လာသောချင်းလူမျိုးအနွယ်ဝင် 

လူမျိုးအနွယ်စုတစ်စုဖြစ်ကြောင်းဘိုးဘေးများအဆိုအရသိရှိရသည်။ထို့ ကြောင်းလိုင်လင်းမျိုးနွယ်စု သည် 

Lailun မှဆင်းသက်လာသောမျိုးနွယ်စုဖြစ်၍အခြေချနေထိုင်ခဲ့သောနေရာဒေသအမည်ကိုအစွဲ ပြု၍ 

လိုင်လင်း(Lailen)မိမိဘာသာစကားအားဖြင့် LeLai ဟူ၍ခေါ်သည်။
       

                ရွာလယ်ခေါင်တွင်ကျောက်တုံးကြီးရှိ၍ Lailun ဟုခေါ်ဆိုခြင်းဖြစ်သည်ဆိုသည်။ လိုင်လင်းသို့  ၁၂-

ရာစုခန့် တွင်ဝင်ရောက်ဟန်တူသည်။တစ်နေ့ သော်ဝမ်းရောဂါကျရောက်သဖြင့်လူအမြောက် 

အများသေဆုံးကြသည်။သို့ ဖြစ်၍လိုင်းလွန်ကိုစွန့် ခွါ၍ပြောင်းရွှေ့ သည်။ရွန်းတောင်ကိုဖြတ်ကျော်ကာ Chun 

Cung, Thantlang, Tlangrua, Ziphe စသည့်ဒေသသို့ တစ်ဆင့်ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ယနေ့ 

ထန်တလန်သည်လိုင်လင်းမျိုးနွယ်စုနေထိုင်ခဲ့ချိန်တွင်သင်္ချိုင်းကုန်းနေရာဖြစ်၍မိမိဘာသာ စကားဖြင့် Thla 

tla ဟုခေါ်သည်။ ယင်းမှစ၍ထန်တလန်ဟူ၍ခေါ်စမှတ်ပြုသည်ဟုဆိုသည်။    

0 comments: