သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ (အပိုင်း ၉)

လိုင်လင်းစော်ဘွားများ
        ၁၇-၁၈ ရာစုနှစ်များ၌မကြာခဏလူတန်းစားတိုက်ပွဲဖြစ်ပွားလျက်ရှိသည်။နယ်မြေချဲ့ထွင်လိုကြ
သည်။အနိုင်အတက်နယ်မြေလုကြ၊ပစ္စည်းဥစ္စာလုယူကြစသည့်တစ်ရွာနှင့်တစ်ရွာ၊တမျိုးနှင့်တမျိုးတိုက်ကြ၊
ခိုက်ကြ၍တည်ငြိမ်အေးချမ်းစွာမနေနိုင်ကြပေ။ရန်ဘေး၊တောတိရိစ္ဆာန်ရိုင်းများဘေးမှကာကွယ်ရန်လိုအပ်
သည်။ထို့ကြောင့်တန်ခိုးသြဇာရှိသောပုဂ္ဂုလ်၊ဗလကြီးသောသူကိုလိုလတောင့်တကြသည်။
သို့ ဖြင့်လိုင်လင်းမျိုးနွယ်စုသည်လည်းရန်ဘေးမှကာကွယ်ပေးနိုင်မည့်သူကိုစဉ်းစားရှာဖွေကြသည်။
၁။     ပထမ Farawn bawi ကိုကမ်းလှမ်းသည်။သူကိုယ်လာရောက်ခြင်းမပြု၊အဝေးမှအုပ်ချုပ်သည်။   ထန်တလန်ရန်နှင့်ကြေအေးရန်တာဝန်မယူနိုင်၍မကျေနပ်သဖြင့်စော်ဘွားအဖြစ်မှပြန်လည်ရုတ်သိမ်း သည်။
၂။     ထိုနောက် Chapi bawi နှင့်တိုင်ပင်ကာဟားခါး Zathang bawi Zawhnai ရှိဆွေမျိုးများသို့  လာရာတွင်လမ်း၌ဖမ်းဆီးသည်။
-      Chairi  ကစောင်ခြုံသည်။
-      Tlahnei ကလက်ကောက်၊ပုတီးဆွဲပေးသည်။လိုင်လင်းသို့ ထမ်း၍ခေါ်ဆောင်လာက
-      Sanga chhoh အိမ်၌တည်းခိုခိုင်းသည်။
-      Khai mi chhoh အိမ်၌ဝက်သတ်ပေးသည်။ သူ့ နာမည်က Sang Nawl ဖြစ်သည်။

Sang Nawl နောက်တွင်၎င်း၏သား Sang Hram, ထိုနောက်သားဖြစ်သူ Khar Ling စသည့်ဖြင့်တစ်ယောက်ပြီးတစ်ယောက်လာရောက်ကြသည်။နောက်တစ်ခါ Khar Ling သား Ram Lua လာရောက်သည်။တစ်နှစ်နေပြီးပြန်သွားသည်။ ထိုနောက် Khar Ling သား Pa Cuai ရောက်သည်။ Le Le Chha Kha ဟူ၍လိုင်လင်းစော်ဘွားဖြစ်လာသည်။ ၎င်းသည် ၁၉၄၆ ခုနှစ်တွင်လိုင်လင်းပီ၌ဆုံးသွားသည်။သူဆုံးသွားသောအခါအမွေစားအ မွေခံ Sang Thawi ရောက်လာသည်။ ၁၉၅၀ ခုနှစ်တွင်သေဆုံးသွားသည်။ ထိုအချိန်မှစ၍ မြန်မာပြည်လွတ်လပ်ရေးရပြီးဖြစ်၍စော်ဘွားလည်းမလိုအပ်တော့ပါ။ နိုင်ငံတော်အစိုးရ
၏  ရွေးကောက်ပွဲအစီအစဉ်ဖြင့် Re Lai (ZawTha) အားရွေး၍ရွာသူကြီးအဖြစ်ဆက်လက်တာ ဝန်ယူသည်။

              http://llphtooaung.blogspot.com/

0 comments: