သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ (အပိုင်း ၈)

Phedai / Lohraw / Rava / Atuh (၁၈-ရာစုခန့် )
        ဖော်ပြပါနေရာများသို့ တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ ၍ရွာတည်သည်။ထိုနေရာမှယခု နေရာသို့  လိုင်လင်းပီအမည်ဖြင့်အတည်တကျရွာတည်၍ယနေ့ အထိဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် စော်ဘွား Khar ling ၏သား Pa Cuai ဆိုသူသည်လိုင်လင်းစော်ဘွားအဖြစ်ဟားခါးမှလာရောက်၍ Chha Kha နာမည်လိုင်လင်းစော်ဘွားဖြစ်လာသည်။
        စော်ဘွား Chha Kha ခေတ်မှစ၍ပတ်ဝန်းကျင်ရွာများနှင့်သင့်မြတ်၍နေထိုင်နိုင်ခြင်းရန်ဘေး၊ သူဘေးမှဘေးမထိရန်မခိုက်အေးချမ်းလုံခြုံစွာနေထိုင်နိုင်ခြင်းတို့ ကြောင့် Chha Kha သည်လိုင်လင်း တို့ ၏ကယ်တင်ရှင်ပင်တင်စားခြင်းခံရသည်။ထိုခေတ်မှစ၍အိမ်ခြေ ၊ လူဦးရေတိုး၍အိမ်ခြေတစ်ရာ ကျော်လာသည်။ဤကျေးရွာသည်ယနေ့ အထိနှစ်ပေါင်းနှစ်ရာ-၂၀၀ကျော်ပြီဖြစ်သည်။
လိုင်လင်းမျိုးနွယ်စု
        လိုင်လင်းမျိုးနွယ်စုသည် ၁၂-ရာစုခန့် တွင်ချင်းတိုင်းရင်းသားလူမျိုးများမှဆင်းသက်လာသော လူမျိုးနွယ်စုတစ်ခုဖြစ်သည်။ယခုအခါအခြားတိုင်းရင်းသားမျိုးနွယ်စုများနှင့်စုပေါင်း၍နေထိုင်လာကြသူ များကိုလိုင်လင်းမျိုးနွယ်စုများဟူ၍အောက်ပါအတိုင်းမျိုးနွယ်စုများအဖြစ်ခွဲခြားသတ်မှတ်သည်။
၁။     လိုင်လင်းအစ Cairi, Tlahnei အမျိုး
၂။     Leitak ၌ Sangai Chhoh အမျိုးပါဝင်သည်။
၃။     Sahei ၌ a Zao, Zaw khai chhoh, Khai mi chhoh အမျိုးပါဝင်သည်။
၎။     Ka-U / Ra zei ၌ Zo အမျိုးဖြစ်သော Sathlaw, Bei hei aima, Chauhe, hala အမျိုးပါဝင်
        သည်။
၅။     Losei / Lota ၌ Hakha, Zawtha အမျိုးပါဝင်သည်။
၆။     Hlawnceu အမျိုးသည် Zawkhai chhoh အမျိုးနှင့်၎င်း Solo အမျိုးသည် Tlahnei အမျိုးနှင့်      
        ၎င်း၊ Chozah အမျိုးသည် Chairi အမျိုး၌၎င်း၊ အသီးသီးပါဝင်လျက်ရှိသည်။
        လိုင်လင်းအမျိုး၌ဇာတ်မြင့်၊ဇာတ်နိမ့်၊အဆင့်အတန်းခွဲခြားခြင်းလုံးဝမရှိပါ။
၇။     Laitak ၌ နေထိုင်ချိန်တွင် Zawhnei, Heima, Le Le မျိုးနွယ်စုတို့ သည်ညီအစ်ကိုနီးစပ်သော
        မျိုးနွယ်စုဖြစ်ကြသည်။လေတပ်မှခွဲ၍ Zawhnei ပထမဦးစွာ၊ Heima ဒုတိယ၊ Le Le တတိယ

        အသုတ်အသီးသီးပြောင်းရွှေ့ လာကြသည်ဟုဆိုသည်။
                                        
                             http://llphtooaung.blogspot.com/

0 comments: