သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ (အပိုင်း ၅)

Va ve / Tlau hrao (၁၅-၁၆-ရာစုခန့် )
        ဆာဟေးမှပြောင်းရွှေ့ သည်။နတ်ပေါများ၍ညအခါနတ်များကအနှောက်အယှက်ပြုနေသဖြင့် ဤနေရေ၌ကြာကြာမနေနိုင်၊ကာအူးသို့ ပြောင်းရွှေ့ ပြန်သည်။
Kaa U (၁၅-၁၆-ရာစုခန့် )
Bahraw (၁၅-၁၆-ရာစုခန့် )
        ထိုနေရာ၌လည်းနတ်ပေါသည်။မြွေပေါသည်။မကြာခဏလူတို့ အားအနှောက်အယှက်ပြုတတ် သဖြင့်အေးချမ်းစွာနေထိုင်နိုင်ခြင်းမရှိ၊ Ka U, Bahraw, Ra Zei သို့ ပြောင်းနေရသည်။အနီးပတ်ဝန်း ကျင်၌ Pachaw pi အမျိုးသို့ ရွာရှိသည်။တစ်နေ့ သ၌ Taihai (khai mi chhoh) သည် Pachaw pi ရွာရောက်သည်။ Pachaw pi ရွာသားတို့ မှလိုင်လင်းနှင့်ပူးပေါင်း၍ပတ်ဝန်းကျင်ရွာတို့ ကတိုက်မည့် ပစ္စည်းဥစ္စာလာယူမည်ဆိုပြီး Taihai ထံဖြားယောင်းသွေးဆောင်သည်ကိုလိုင်လင်းရွာသားတို့ ယုံမိ၍ ယောင်္ကျားဟူသမျှ Pachaw pi သို့ သွားကြသည်။ထိုအခါ Pachaw pi ရွာသားတို့ ပွဲလုပ်၍စား သောက်ခြင်းပြုလုပ်နေစဉ်လိုင်လင်းသားတို့ အားလုံးကိုသတ်ဖြတ်ကြသည်။ Law za (Zaw khai mi chhoh) တစ်ဦးသာမသတ်ပဲချန်ထားသည်။ Tua ah ဆိုသူတစ်ဦးနှင့်ရွာသားနှစ်ယောက်ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သည်။ဆက်လက်၍လိုင်လင်းတို့ ရွာ၌ကျန်နေသူများကိုအပြီးတိုက်ခိုက်ရန်ကြံစည်နေ 
 ကြောင်းသိရသည်။ထိုအခါရွာသားများဆွေးနွေးတိုင်ပင်ကြသည်။ Mahe no (Thlahnei) အမျိုးမှဦး ဆောင်၍သစ်သားဒုတ်ချောင်းအခြောက်များခုတ်ကာရွာအဝင်လမ်းပေါ်ပုံထားသည်။ Pachaw pi တို့  လာရောက်၍ပုံထားသောဒုတ်ချောင်းကိုတွေ့ မြင်သောအခါလိုင်လင်းအမျိုးယောင်္ကျားအမြောက်အ များကျန်နေသေးကြောင်းထင်မှတ်၍ကြောက်ရွံ့ သဖြင့်ပြန်ထွက်ခွါသည်။ထိုအချိန်၌ Rau khai (Beihai) နှင့် Azawh(Zaw khai chhoh) နှစ်ဦးတို့ သည် Mahe no ခေါင်းဆောင်မှုအောက်၌အကူ အညီပေးသူများဖြစ်သည်။ Mahe no ခေါင်းဆောင်မှုကောင်းခြင်းကြောင့်လိုင်လင်းအမျိုးမပြုတ်၊

ယနေ့ တိုင်ဆက်လက်တည်ရှိခြင်းအတွက်လိုင်လင်းသမိုင်းတွင် Mahe no သည်မေ့မရနိုင်သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းပြောဆိုကြသည်။ Pachaw pi တို့ ထံအသက်မသေချန်ခဲ့သော Lawza ကိုနွား ၅ ကောင်သေနတ်တစ်လက်ပေး၍ရွေးယူသသည်။ထိုနောက်နွားနောက်သတ်နတ်ပူဇော်၍လူ ဦးရေပြန်လည်တိုးပွါးသည်ဟုဆိုသည်။ Pachaw pi တို့ ယခုအခါဘယ်ရောက်ကြောင်းမသိရပါ။ ပလက်ဝနယ်၊ရခိုင်၊ထိုင်းဘက်သို့ ကူးသွားကာဘင်္ဂလာဒေ့စ်နယ်စပ်သို့ သွားရောက်ဟန်တူသည်။

0 comments: