သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ (အပိုင်း၆)

Rah zei (၁၇-ရာစုခန့် )
Rah U သို့ ဒုတိယအကြိမ်ပြန်ရောက်သည်။အကြောင်းမှာထိုနေရာတို့ တွင်မြွေပေါများ၍ ကြာကြာ မနေနိုင်၊ပြောင်းရွှေ့ နေရသည်။ Rah-U မှ Rah zei ပြန်ပြောင်းသည်။ထိုနေရာ၌နေထိုင်ချိန်တွင်ရွာ တည်ရာတွင်ဦးဆောင်နိုင်မည့်သူ၊ရန်သူဘေးအန္တရာယ်မှအကာအကွယ်ပေးနိုင်မည့်သူကဆွေးနွေး တိုင်ပင်ကြသည်။ Chapi စော်ဘွား၏အကြံပေးသည့်အတိုင်း ဟားခါးစော်ဘွား Zaw ling သို့ ဆွေမျိုး များထံလာရောက်ရာတွင်လမ်းစောင့်၍လိုင်လင်းစော်ဘွားအဖြစ်ခေါ်ဆောင်လာကြသည်။စော်ဘွား၏ အမည်မှာ Sang Nawl ဖြစ်သည်။သို့ သော်ရွာမှကြာအောင်မနေ၊ပြန်သွား၍ဟားခါးမှရွာကိုအုပ်ချုပ်ခဲ့ သည်။
Siaphi (၁၇-ရာစုခန့် )
Rah zei မှ Siaphi ပြောင်းသည်။စော်ဘွား Sang Nawl သား Sang Hram ဆိုသူသည်အတည်မနေ၊ ရွာကိုရောက်လာလေ့ရှိသည်။ထိုရွာ၌နေထိုင်ချိန်တွင် How Thai နှင့် Vo Vongtu တို့ ပူးပေါင်း၍လာ ရောက်တိုက်ခိုက်ခြင်းခံရသည်။ရွာသားနှစ်ယောက်ကျဆုံး၍ ၁၀ယောက်ဖမ်းဆီးခံရသည်။နောက်တွင် ဖမ်းဆီးခံရသူများရွေးနှုတ်ရန်သေနတ်၊မောင်း၊အိုးစသည့်ပစ္စည်းများစုဆောင်း၍ဆဘောင်းစော်ဘွား Va sai paw Vatlei စေလွှတ်၍ကြေအေးမှုပြုစေသည်။ကြေအေးအောင်ဆောင်ရွက်စေနိုင်သဖြင့် Vatlei အားနွားနောက်နှစ်ကောင်နှင့်တစ်အိမ်ထောင်စပါးတစ်တင်းစီကောက်၍ချီှးမြှင့်သည်။ဤကဲ့သို့  ရန်သူကြားကြေအေးအောင်ပြုနိုင်သော Vasaw paw ကိုလိုင်လင်းသမိုင်းမှမေ့နိုင်မည်မဟုတ်ပါ။

0 comments: