သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

လိုင်လင်း(Le Le)မျိုးနွယ်စုဆင်းသက်လာပုံ (အပိုင်း၇)

Re hraw (၁၇-၁၈ ရာစုခန့် )
              Siaphi မှ Tai saw , Bakaw သို့ ပြောင်းသည်။ကြာအောင်နေနိုင်ခြင်းမရှိ။ထိုမှ Re hraw ပြောင်း 

သည်။နွားနောက်မြောက်မြားစွာတိုးပွါးသည်။ရန်သူဘေးကြောင့်အတည်တကျမနေနိုင်။ ဘေးလွတ်

ရန်သို့ ပြောင်းနေရသည်။ထိုအခါနွားနောက်အားလုံးခေါ်ဆောင်နိုင်ခြင်းမရှိသဖြင့် နွားနောက်အချို့ 

သည် တောရိုင်တိရိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

Lo sei / Lo ta (၁၈-ရာစုခန့် )
        Lo sei / Lo ta နှစ်ရွာခွဲသည်။ဇိုဘက်မှလာရောက်၍ခဏခဏတိုက်ခိုက်ခြင်းခံရသည်ဆိုသည်။ 

အိမ်ခြေ၊လူဦးရေတိုးပွါးသည်။ဟားခါးမှစော်ဘွား Sang hram သား Khar Ling ရောက်လာသည်။

နှစ်နှစ်နေပြီပြန်သွားသည်။

Tlopi (၁၈-ရာစုခန့် )
        Lo sei / Lo ta နှစ်ရွာကို Tlopi ပြန်ပြောင်းသည်။ လိုင်လင်းသမိုင်း၌အိမ်ခြေတစ်ရာ(၁၀၀) 

ပြည့်တိုင်းရွာခွဲလေ့ရှိသည်ဟုဆိုသည်။သို့ ဖြင့်ပေါင်းလိုက်ခွဲလိုက်ဖြစ်တတ်သည်။ Tha dua (Thlahnei). 

Kao Lai (Khai mi chhoh) ဦးဆောင်ပြီးရွာသစ်ခွဲ၍တည်သည်။တစ်နေရာမှတစ်နေရာ သို့ ပြောင်းရွှေ့ 

ပြီးနောင်တွင်လိုင်လင်းတယ်အမည်ဖြစ်သီးခြားရွာဖြစ်လာသည်။

Phedai / Lohraw / Rava / Atuh (၁၈-ရာစုခန့် )
        ဖော်ပြပါနေရာများသို့ တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ ၍ရွာတည်သည်။ထိုနေရာမှယခုနေရာသို့ 

လိုင်လင်းပီအမည်ဖြင့်အတည်တကျရွာတည်၍ယနေ့ အထိဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် စော်ဘွား Khar ling 

၏သား Pa Cuai ဆိုသူသည်လိုင်လင်းစော်ဘွားအဖြစ်ဟားခါးမှလာရောက်၍ Chha Kha 

နာမည်လိုင်လင်းစော်ဘွားဖြစ်လာသည်။

        စော်ဘွား Chha Kha ခေတ်မှစ၍ပတ်ဝန်းကျင်ရွာများနှင့်သင့်မြတ်၍နေထိုင်နိုင်ခြင်းရန်ဘေး၊ 

သူဘေးမှဘေးမထိရန်မခိုက်အေးချမ်းလုံခြုံစွာနေထိုင်နိုင်ခြင်းတို့ ကြောင့် Chha Kha သည်လိုင်လင်း တို့ 

၏ကယ်တင်ရှင်ပင်တင်စားခြင်းခံရသည်။ထိုခေတ်မှစ၍အိမ်ခြေ ၊ လူဦးရေတိုး၍အိမ်ခြေတစ်ရာ

 ကျော်လာသည်။ဤကျေးရွာသည်ယနေ့ အထိနှစ်ပေါင်းနှစ်ရာ-၂၀၀ကျော်ပြီဖြစ်သည်။

                         

0 comments: